ရန်ကင်းမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်

ရန်ကင်း ဇူလိုင် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်အမှတ်()ရပ်ကွက် မြို့မစျေးအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ‌လူစည်ကားသည့် ဈေးများအတွင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် Mass chlorination ဆောင်ရွက်ခြင်း၊ ကျန်းမာရေးဟောပြောပွဲများပြုလုပ်ခြင်း၊ အသိပညာပေးပိုစတာများကပ်ခြင်း၊ ရေသန့်ဆေးများ၊ လက်သန့်ဆေးရည်များနှင့်ဓာတ်ဆားထုတ်များ ထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

မြို့နယ်စီမံအုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းမင်းလတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီသီလတ်နှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ‌အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့များ၊ မြို့နယ်မိခင်နှင့်ကလေးအသင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်‌ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့်ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)