စစ်တွေ ဇူလိုင် ၂၃
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမအား အဆင့်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဦးဥတ္တမခန်းမအား အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးလုပ်ငန်းတာဝန်ခံက လုပ်ငန်းစတင်ဆောင်ရွက်ခဲ့မှုနှင့် ဆောင်ရွက်ပြီးစီးနေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ခန်းမသန့်ရှင်းသာယာရေးနှင့် ခန်းမအတွင်းလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်း LED ဘုတ်အား အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် နားနေခန်းအတွင်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဦးဥတ္တမပန်းခြံအတွင်း ယာဉ်ရပ်နားရန်နေရာ၊ ပန်းခြံနှင့်အားကစားကွင်းများ ဆောင်ရွက်ပြီးစီးမှု လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဦးဥတ္တမပန်းခြံအတွင်း မြေယာရှုခင်းများ ပြင်ဆင်ထားရှိမှု၊ ရေပန်းများ၊ လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်ထားရှိမှု၊ ဆရာတော်ဦးဥတ္တမရုပ်ထုရင်ပြင် သန့်ရှင်းသာယာရေးဆောင်ရွက်ထားရှိမှု၊ ပန်းခြံအတွင်း အားကစားကွင်းများဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါသည်။
တင်ထွန်း (ပြန်/ဆက်)