ဒလ ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သီတာဝင်းက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်မြင့်မားပြီး အသိပညာဗဟုသုတများတိုးပွားစေရန်၊ အားလပ်ချိန်များတွင် ဗဟုသုတရရှိသည့် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်းကို သိရှိစေရန်အတွက် စာဖတ်ဝိုင်းပြုလုပ်ပေး၍ မိမိတို့ဖတ်ရှုရသည့် စာအုပ်ထဲမှ ဗဟုသုတရရှိစေသည့် အကြောင်းအရာများအား ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြသည်။
အေးမြမိုး(ပြန်/ဆက်)