မုဒုံ ဇူလိုင် ၂၃
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၌ လှည့်လည်ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သိမ့်သိမ့်အောင်နှင့်ဝန်ထမ်းများက ရေဘေးနှင့်မြေပြိုဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်သတိပြုကာကွယ်နိုင်ရန်အချက်များ၊ ရေဘေးမဖြစ်ပွားမီ၊ ရေဘေးဖြစ်ပွားနေစဥ်၊ ရေဘေးဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့်အချက်များ၊ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု လျော့နည်းသက်သာစေရန် ဆောင်ရန်၊ ရှောင်ရန်အချက်များ တုံ့ပြန်နိုင်ရေးသတိပေးအချက်များကို ပြည်သူများ ဝိုင်းဝန်းပူးဆောင်ရွက်နိုင်ရန် နှိုးဆော်ခဲ့ကြောင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)