မော်လမြိုင် ဇူလိုင် ၂၃
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် သစ်တောသစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းလုပ်ငန်းတွင် ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောသစ်ပင်များ၏အကျိုးကျေးဇူးများ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အ.လ.က(၆) တွဲဖက်အထကကျောင်းတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် မော်လမြိုင်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိဦးအောင်စိုးနိုင်က သစ်တောသစ်ပင်များအရေးပါပုံ၊ သစ်တောများမှရရှိသောအကျိုးကျေးဇူး၊ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုအခြေအနေ၊ သစ်တောများပျက်စီးပြုန်းတီးစေသည့်အကြောင်းရင်း၊ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုပြန်လည်ကောင်းမွန်လာစေရန် သစ်တောဦးစီးဌာန၏ဆောင်ရွက်မှု၊ သစ်ပင်တစ်ပင်ရှင်သန်ဖွံ့ဖြိုးစေရန် ပြုစုပျိုးထောင်စိုက်ပျိုးနည်း၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းတွင် ပြည်သူလူထုပူးပေါင်းပါဝင်လာစေရန် ဌာနအနေဖြင့်ဆောင်ရွက်နေမှုများကို အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)