ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၅၇ စင်တီမီတာ (၂)ပေ ခန့် ရှိနေသေး

ညောင်ဦး  ဇူလိုင် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေပြီး ယနေ့နံနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအထက် ၅၇ စင်တီမီတာ(၂)ပေခန့်မြင့် တက်နေသေးကြောင်း ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်လှနုထွေးထံက သိရသည်။

ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာဖြစ်ပြီး ယနေ့နံနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ ၂၁၇၇ စင်တီမီတာရောက်ရှိနေကြောင်း စိုးရိမ်ရေမှတ်ထက် ၅၇ စင်တီမီတာ(၂)ပေခန့် ဆက်လက်မြင့်တက်နေသေးကြောင်း၊ ဧရာဝတီမြစ်ရေကျနှုန်း တစ်ရက် ၁၀ စင်တီမီတာကျနေကြောင်း၊ ရေဘေးသင့်ပြည်သူများ ရေဘေးရှောင်စခန်းများ၊ ဆွေးမျိုးသားချင်းများအိမ်တွင် ခေတ္တသွားရောက်နေထိုင်ကြကြောင်း သိရသည်။

ဒီပါလင်း