လဲချားမြို့တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီ လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

လဲချား ဇူလိုင် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ တောအုပ် ဦးဆန်းမင်းစိုး ဦးဆောင်မှုဖြင့် ၂၀၂၄ ခုနှစ်၊ မိုးရာသီ လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ‌ပေါရာဏဘုရားအနီးကွင်းပြင်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေက သစ်ပင်စိုက်ပျိုးပွဲပြုလုပ်ရခြင်း ရည်ရွယ်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ တာဝန်ရှိသူများထံ စိန်ပန်းအနီ၊ စိန်ပန်းအပြာ၊ ရေသင်းဝင်၊ မယ်ဇလီ၊ ‌မျောက်ငိုစသည့် စုစုပေါင်းပျိုးပင်(၁၀၀၀)ပင် ပေးအပ်ခဲ့ကာ သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသည့် မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တပ်ရင်းတပ်ဖွဲ့ဝင်များ အင်အား(၃၀၀)ဦးတို့က သစ်ပင်၊ ပျိုးပင်များစိုက်ပျိုးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပျိုးပင်များစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လဲချား(မြို့နယ်၊ ပြန်/ဆက်)