ဒလမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေး

ဒလ ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများကို ယနေ့ နံနက်(၈)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိသည်။

အဆိုပါ အငြိမ်းစားပင်စင်လစာထုတ်ပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာနှင့် တာဝန်ရှိသူများက ပင်စင်လစာလာရောက်ထုတ်ယူရာတွင် ပင်စင်စားများ အခက်အခဲမရှိစေရန် စနစ်တကျထုတ်ယူနိုင်ရေးနှင့် ပင်စင်လစာထုတ်ယူရန် ကိုယ်တိုင်မလာရောက်နိုင်သူ အငြိမ်းစားများအနေဖြင့် ကိုယ်စားလှယ်လွှဲစာဖြင့် ထုတ်ယူနိုင်ပါကြောင်း၊ ထုတ်ယူရန်ကျန်ရှိသူများအား ပင်စင်လစာထုတ်ပေးခြင်းများကို စီစဉ်ဆောင်ရွက်ထုတ်ပေးလျက်ရှိသည်။

ဒလမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ အငြိမ်းစားပင်စင်လစာထုတ်ယူသူ ဦးရေ(၄၈၃)ဦး ရှိပြီး၊ ယနေ့လာရောက်ထုတ်ယူသူ မြို့ပြပင်စင်စား (၉၉)ဦး၊ ကာကွယ်ရေးပင်စင်စား(၄၁ )ဦး၊ နိုင်ငံရေးပင်စင်စား( ၉)ဦး၊ ဘဏ်ပင်စင်စား(၁)ဦး စုစုပေါင်း (၁၅၀)ဦးရှိပြီး ကျန်ရှိနေသော ပင်စင်စားများကိုလည်း ဇူလိုင်လ(၂၂)ရက်နေ့မှ (၃၁)ရက်နေ့အထိ၊ နေ့စဉ်ရုံးဖွင့်ရက်များတွင် နံနက်(၈)နာရီမှ နေ့လည်(၁၂)နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သတင်းရရှိသည်။

အေးမြမိုး (ပြန်/ဆက်)