အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့သောဆန်များကို ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးအပ်

အောင်လံ ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော ဆန်များကို ဧရာဝတီမြစ်ရေဝင်ရောက်သည့် သရက်တော၊ တရော်ကုန်း၊ စက်ရုံ၊ မကျီးကုန်း ရပ်ကွက်များရှိ ရေဘေးသင့်အိမ်ထောင်စုအသီးသီးအား ယမန်နေ့က  ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် အောင်လံမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိရေဘေးသင့်အိမ်ထောင်စု(၆၀၉) စု၊ လူဦးရေ(၂၁၆၀) အတွက် ဆန်အိတ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ရေဘေးသင့်ရပ်ကွက်/ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)