ဘီးလင်းမြို့နယ် အ.မ.က(လေသာ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

ဘီးလင်း ဇူလိုင် ၁၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူး‌ပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း ၊နံရံကပ်စာစောင် ပြသခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဘိုးရာဇာရပ်ကွက် အ.မ.က​(လေသာ)ကျောင်း၌ သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။

အသိပညာပေးဟောပြောပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုဝင်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်း၊ အာဇာနည် ခေါင်းဆောင်ကြီး ကိုးဦး၏အကြောင်း၊ စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များနှင့် ဗဟုသုတတိုးပွားစေရေးအတွက် စာပေဖတ်ရှုသည့် အလေ့အကျင့် ရရှိစေရေးတို့ကို အသိပညာပေးဟောပြောပြီး၊ ကျောင်းသား၊ ကျောင်းသူများအား ကလေး ကဗျာများ၊ ရုပ်ပြပုံပြင်များ၊ ကာတွန်းစာစောင်များ စသည့် ကလေးစာပေများကို ဖတ်ရှု စေခဲ့သည်။

ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှ အာဇာနည်ခေါင်းဆောင်ကြီးများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေးစသည့် အသိပညာပေး နံရံကပ် စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)