မြစ်သား နိုဝင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့် ရပ်ကွက်/ကျေးရွာများ စာရေးဝန်ထမ်းများအားချီးမြှင့်ငွေများ ပေးအပ်ခြင်း ကို ယမန်နေ့က ရှမ်းပွဲရပ်ကွက်ရှိ ရွှေမုဌောဘုရား ဝေယံဘုမ်မြင့်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ပြုလုပ် ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအောင်မြင်စွာ ကျင်းပပြုလုပ်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် ဝန်ထမ်းများသည် အခြေခံလူဦးရေ စာရင်းအချက် အလက် စတင်ကောက်ယူခြင်း၊ အခြေခံလူဦးရေစာရင်းဇယားများပြုစုခြင်း၊ မဲဆန္ဒရှင်စာရင်းရရှိရန် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်မှုနှင့်နှင့် ထောက်ပံ့ငွေများပေး အပ်သည့် လုပ်ငန်းများတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲ ကာလအတွင်း မိမိတို့ဝန်ထမ်းများသည် ပေးအပ်သည့်တာဝန်များအား အားသွန်ခွန်စိုက် တာဝန်ကျေပွန်စွာ စွမ်းစွမ်းတမံထမ်း ဆောင်ခဲ့ကြကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းတစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုများကိုလည်း အသိအမှတ်ပြု မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း ရှင်းလင်းပြောကြားပြီးနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ (ရုံးချုပ်)မှထောက်ပံ့သည့် နိုဝင်ဘာ(၈)ရက်နေ့အထိ(၁၅)ရက်စအတွက် တစ်ဦးလျှင် ငွေကျပ်(၇၂၀၀၀)နှုန်းဖြင့်ရပ်ကွက်/ကျေးရွာ စာရေး ဝန်ထမ်း(၉၂)ဦးအတွက် စုစုပေါင်း ငွေကျပ်(၆၆၂၄၀၀၀)အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးတို့က ချီးမြှင့်ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေတွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)