မိုးညှင်း ဇူလိုင် ၁၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်မီးသတ်ဦးစီးဌာနမှ ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံး၌ ကျင်းပသည်။
ထိုသို့ဆက်ကပ်လှူဒါန်းကြရာတွင် ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုးသန်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့်အတူ မိသားစုဝင်များက ထီးလင်းကျောင်းတိုက်မှ ဆရာတော်ကြီးနှင့် သံဃာတော်များအား ပင့်ဖိတ်၍ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဩဝါဒကထာတရားတော်များ နာယူကြည်ညိုကြကာ ဝါဆိုသင်္ကန်းနှင့်အတူ လှူဖွယ်ဝတ္ထုအစုအစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး နေ့ဆွမ်းကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း