ရမည်းသင်း ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် အခြေခံပညာဦးစီးဌာန ကြီးမှူး၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (၇၇)နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ရမည်းသင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အ-ထ-က(၁) အလယ်တန်းဆင့်ကျောင်းသား၊ ကျောင်းသူများမှ ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်ပညာရေးမှူး ဦးမျိုးတင့်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အထက်တန်းပြဆရာမ ဒေါ်သီသီဆွေမှ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေး ကြိုးပမ်းဆောင်ရွက်မှုသမိုင်းများကို ရှင်းလင်းပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ရမည်းသင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)