ပုံပါကျင် ဇူလိုင် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ၀န်ထမ်းများသည် စာဖတ်ဝိုင်းမှတစ်ဆင့် ဘ၀အထောက်အပံ့ဖြစ်စေမည့် အတွေးအခေါ်ကောင်းများ ရရှိရန်ရည်ရွယ်၍ မောင်မြင့်ကြွယ်ဘာသာပြန်ဆိုရေးသားသည့် ''အကြွင်းမဲ့ ခေါင်းဆောင်မှုသဘောတရား'' စာအုပ်ကို ယနေ့နံနက် (၁၀) နာရီက ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိဖြိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ (Book Club) ဥက္ကဋ္ဌ ဦးထွန်းလင်းက "ဆက်သွယ်ပြောဆိုတတ်မှု" ဦးစွာဖတ်ကြားဆွေးနွေးခဲ့ပြီး (Book Club) အဖွဲ့ဝင်များက "အကျင့်စာရိတ္တကောင်းမွန်မှု" "ရက်ရက်ရောရောရှိမှု" စသည့် ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယနေ့ခေတ်လူငယ်များအတွက် စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန်၊ စာအုပ်စာပေဝါသနာရှင်များစုစည်း၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းကို ဖွဲ့စည်းကာ စာဖတ်ဝိုင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အိအိဖြိုး(ပြန်/ဆက်)