ကော့မှူးမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကော့မှူး ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ် နိုးသူများ၊ Book Club အသင်းအဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က စာအုပ်စာပေလူမိတ်ဆွေဆိုသည့်အတိုင်း လူကြီးများမှတစ်ဆင့် လူငယ်များသို့ စာဖတ်ခြင်းကိုအချိန်ပေး၍ အလေ့အကျင့်ကောင်းလေးတစ်ခုအနေဖြင့် ပြုလုပ်‌ပေးသင့်ကြောင်း၊ စာအုပ်စာပေဖတ်ရှုခြင်းကြောင့်အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး Book Club အဖွဲ့ဝင် ဦးတင်လှိုင်ကစာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့်” အောင်မြင်းခြင်းရဲ့ အုတ်မြစ် ” စာအုပ်ထဲမှ “လမ်းမှန်သိမြင်” ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် ဦးအေးသွင်က ကံဆိုသည်မှာ‌စေတနာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊‌ ဦးခင်‌ဇော်က သင့်ရဲ့ရွေးချယ်ပိုင်ခွင့်” ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် Book Club အဖွဲ့ဝင် ဦးတင်လှိုင်က ဒီမိုကရေစီခေတ်ဆိုသည်မှာ ဉာဏ်ပညာရှိကြသော ပုဂ္ဂိုလ်များ၊ ပြည်သူအများစုကမိမိမနှစ်သက်၊ မထောက်ခံသော အယူအဆမတူကြသော အခြားလူများကိုလည်း အတူတကွမေတ္တာမပျက် လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ကြသော သူများဖြစ်ဖို့ရာ လိုသည်မဟုတ်ပါလား၊ ငါနဲ့မတူ ငါ့ရန်သူဟုသတ်မှတ်ပြီးရန်၊ ငါစည်းခြားကာလက်နက်ဖြင့် အနိုင်ကျင့်နှိပ်စက်သတ်ဖြတ်နေကြမည်ဆိုလျှင် ဒီမိုကရေစီ ဖြစ်ထွန်းနိုင်ပါဦးမည်လား၊ လူတွေမှာ ဆင်ခြင်တုံတရား ကင်းမဲ့နေကြ၍မရပါ၊ အချို့သော လူငယ်တို့မှာ လူတော်လူကောင်း၊ လူမွန်လူချွန်ဖြစ်အောင် ကြိုးစားအားထုတ်လိုစိတ်နည်းပါး၊ အလွယ်တကူဖြတ်လမ်းဖြင့် အချောင်နှိုက်၍မရိုးမသားနှင့် ပြုမှုလိုသည့်စိတ်ကလွဲမှားစွာ ရှိနေကြကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေနွေးခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)