မိုးညှင်း ဇူလိုင် ၁၇
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေး ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမြတ်ခိုင်ကို က ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းအရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မိုးညှင်းမြို့နယ်ဦးစီးမှူး ဦးသန်းနိုင် က မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက် သင်တန်းကို စက်တင်ဘာလ (၁၇) ရက်မှ (၂၈)ရက်အထိ အထက(၁)တွင် သင်တန်းခန်းမသုံးခုဖြင့် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီတွင်ပါဝင်သော အဖွဲ့ဝင်များအနေဖြင့်လည်း မိမိတို့တာဝန်ယူဆောင်ရွက်ကြမည့် နယ်မြေအလိုက် ဆောင်ရွက်ရန်လုပ်ငန်းများကို အကြံပြုဆွေးနွေးပြောကြားသည်။
ထို့နောက် မိုးညှင်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် သင်တန်းတွင် အုပ်ချုပ်ထောက်ပံ့ကိစ္စရပ်များ၊ သင်ကြားရေးကိစ္စရပ်များနှင့်ပတ်သက်၍ တက်ရောက်လာကြသည့် မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များက လိုအပ်သည်များကို အသီးသီးပူးပေါင်းပါဝင် ဆွေးနွေးပြောကြားကြပြီးနောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း