ချမ်းမြသာစည်မြို့နယ် အမှတ် (၂၈) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ

ချမ်းမြသာစည် ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီ အချိန်၌  အောင်ပင်လယ်ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊၅၄-၅၅ လမ်းကြားရှိ၊ အမှတ် (၂၈) အခြေခံပညာ အထက်တန်းကျောင်း၊ စူပါစိမ်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လူငယ်စကားဝိုင်းတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်‌အေးအေးသင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်ခင်စိမ်းဝင်းက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့ရာ "လူငယ်များ အသိပညာအတတ်ပညာနှင့်ကျင့်ဝတ်တန်ဖိုးများ မြှင့်တင်ပေးရန်၊ ဗလငါးတန်နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောစွမ်းရည်များ ကျွမ်းကျင်တက်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရေးတို့ ရရှိစေရန် လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက ဦးဆောင်ကာ အဆိုပါ အထက်တန်းကျောင်းမှ Grade - 10 ကျောင်းသား မောင်ဇင်ကိုလတ်က "လူငယ်နှင့် မူးယစ်ဆေးဝါး"၊ Grade - 11 ကျောင်းသား/သူများဖြစ်ကြသည့် မသက်ထား‌ဇော်က" လူငယ်နှင့်စာအုပ်စာပေ"၊ မမိုးပြည့်ရွှေစင်က "လူငယ်နှင့် ဇာတိမာန်"၊မောင်အောင်မြင့်မြတ်က "လူငယ်နှင့် အနာဂတ်နိုင်ငံတော်"စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့‌နောက် စကားဝိုင်းအပြီးတွင် ကျောင်းသား/သူလေးများက ကျောင်းဝန်းအတွင်း ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါခင်စိမ်းဝင်းနှင့် ၀န်ထမ်းများ အမှတ်(၂၈) အခြေခံပညာအထက်‌တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်‌အေးအေးသင်းနှင့် ဆရာ/ဆရာမများ၊ အထက်တန်းအဆင့် ‌ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့