ရန်ကုန် ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၁နာရီအချိန်က အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ ဦးစီးအရာရှိမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးဝင်းမြင့်(လယ်ဝေး)က အာဇာနည်နေ့အကြောင်းကို ကျောင်းသား၊ ကျောင်သူများအား ဟောပြောပေးပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားကာ ကျောင်းသား/ကျောင်းသူများက အာဇာနည်မြတ်မမေ့အပ်ကဗျာကို ရွတ်ဆိုခဲ့ပါသည်။
ဆက်လက်ပြီး တက်ရောက်လာသော ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
မြို့နယ် (ပြန်/ဆက်)