တံတားဦး ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းသား/သူများအနေဖြင့် အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် ကျင်းပခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ အာဇာနည်နေ့အကြောင်း ဟောပြောရာတွင် လူငယ်လူရွယ်များအနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ စိတ်ဓာတ်ကို လေးစားအတုယူသင့်ပါကြောင်း၊ ဒါ့အပြင် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အာဇာနည်ကိုးဦးတို့၏ သမိုင်းအကျဉ်းများနှင့် အာဇာနည်ခေါင်းဆောင်များ၏ လွတ်လပ်ရေးရရှိရန်အတွက် ကြိုးစားကြပုံတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည် ။
ဆက်လက်ပြီး (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲသို့ တက်ရောက် လာကြသည့် ကျောင်းသား/သူများ နှုတ်မှုစွမ်းရည် မြင့်မားစေရေးနှင့် အများရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများ ပေါ်ပေါက်စေရန် ရည်ရွယ်ပြီး အာဇာနည်နေ့နှင့် ပတ်သတ်သည့် ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပပေးပြီး ပြိုင်ပွဲဝင်ကျောင်းသား/သူများကို မြို့နယ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ကြကြောင်း သိရသည်။
ရဲတင့် (ပြန်/ဆက်)