မိုးညှင်းမြို့နယ်၌ သာယာကုန်းခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုးညှင်း ဇူလိုင် ၁၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာအုပ်စု သာယာကုန်းခေတ်မီစံပြကျေးရွာ(Smart Village) ထူထောင်ရေးစီမံကိန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စီမံကိန်းအတွင်းရေးမှူး ဦးဌေးမြင့်က သာယာကုန်းကျေးရွာတွင် ဘဏ္ဍာရေးနှစ်အလိုက် ခေတ်မီစံပြကျေးရွာ(Smart Village)ထူထောင်ရေးစီမံကိန်း လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ပါဝါပွိုင့်ဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့် ခေတ်မီစံပြကျေးရွာ ထူထောင်ရေး စီမံကိန်းကော်မတီ အဖွဲ့ဝင်များက ၎င်းကျေးရွာမှတင်ပြချက်များအပေါ် ဘဏ္ဍာရေးနှစ် အလိုက် ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းများနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာ ကဏ္ဍာများအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ ခေတ်မီစံပြကျေးရွာ ထူထောင်ရေး စီမံကိန်းကော်မတီဥက္ကဋ္ဌက လုပ်ငန်းအလျဉ်အမြန် ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း