သင်္ဃန်းကျွန်းမြို့နယ်ရှိ အခြေခံပညာကျောင်းနှင့် ကိုယ်ပိုင်‌‌ကျောင်းများတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကျင်းပ

သင်္ဃန်းကျွန်း ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်‌ကျောင်းများ၌ ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများအား အမှတ် (၄) အခြေခံပညာအထက်တန်း ကျောင်းနှင့် MY ORCHARD ကိုယ်ပိုင်မူလတန်းကျောင်းတွင် ကျင်းပခဲ့ရာ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် MY ORCHARD ကိုယ်ပိုင်မူလတန်း‌ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပန်းချီပြိုင်ပွဲများ ကျင်းပခဲ့‌‌ကြောင်း သိရသည်။

သိန်းအောင်