မင်္ဂလာတောင်ညွန့် ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ (BookClub)စာပေချစ်မြတ်နိုးသူများမှ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “အောင်မြင်ခြင်းရဲ့အုတ်မြစ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးက စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာဖတ်သူအချင်းချင်း စာပေဗဟုသုတဖလှယ်ခြင်းဖြင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် စသည်ဖြင့် ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားဆွေးနွေခဲ့ပြီး (Book Club)အဖွဲ့၀င်ဒေါ်မေမှ "ကံဆိုသည်မှာစေတနာ" နှင့် "သင့်ရဲ့ရွေးချယ်ပိုင်ခွင့်" ခေါင်းစဉ်များကို အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများထဲမှ ဉီးကျော်ထွေးနှင့် ဒေါ်မေမြတ်စန္ဒာတို့က ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာနမှ ပြည်သူများအသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)