ချီဖေ ဇူလိုင် ၁၇
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇူလိုင် ၁၅ ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဂွါဇာလေးက ကျောင်းသား/သူများ နှစ်စဉ်ကျင်းပလျက်ရှိသည့် နေ့ထူးနေ့မြတ်များအား အစဉ်အောက်မေ့ သတိရစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးဖွံဖြိုးစေရန်၊ စာဖတ်စွမ်းရည်တိုးတက်စေရန်၊ စာပေကိုပိုမိုလေ့လာကျက်မှတ်စေရန်၊ မိမိရုံးရှိ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ပါ ကြောင်းနှင့် ပြိုင်ပွဲဝင်စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မူလတန်းဆင့်ပြိုင်ပွဲဝင် ကျောင်းသား/ သူများက “အာဇာနည်နေ့ တို့မမေ့” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲသို့ ချီဖွေမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း(ဥက္ကပ်)၊ အခြေခံပညာမူလတန်းကျောင်း (ဘာလဲ့) ကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း (စစ်ရှောင်) ကျောင်းများမှ မူလတန်းဆင့် ကျောင်းသား/သူ စုစုပေါင်း (၁၆)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်များရရှိစေရန် ရည်ရွည်၍ စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ ခင်းကျင်းပြသရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှု့ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)