တောင်ဥက္ကလာပမြို့နယ်၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

တောင်ဥက္ကလာပ ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၅) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သူက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်ဆွေနှင်းက အာဇာနည်၏အဓိပ္ပာယ်၊ အာဇာနည်ခေါင်းဆောင်(၉)ဦး၏ သမိုင်းကြောင်းနှင့် အာဇာနည်နေ့ သတ်မှတ်ပုံအကြောင်း အကျယ်တဝင့်ရှင်းလင်းဟောပြောသည်။

ဟောပြောပွဲအပြီးတွင် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်များကို စိတ်ပါ၀င်စားစွာ ကြည့်ရှု‌လေ့လာခဲ့‌ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)