ရွှေကူ ဇူလိုင် ၁၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇူလိုင် ၁၆ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ပပသိန်းက ကျောင်းသား ကျောင်းသူ လူငယ်များအနေဖြင့် အာဇာနည်အကြောင်းကိုသိရှိပြီး မျိုးချစ်စိတ်ဓါတ်မြှင့်မားလာစေရန်၊ အာဇာနည်စိတ်ဓာတ် အပြည့်အဝဖြင့် နိုင်ငံကိုချစ်ခင်မြတ်နိုး ကာကွယ်စောင့်ရှောက်နိုင်စေရန်၊ အတွေးအခေါ်ရင့်သန်စေရန်၊ စာကြည့်တိုက်ကို ပိုမိုအသုံးချတတ်လာပြီး အသိပညာဗဟုသုတများ မြှင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်းနှင့် လူငယ်များနှင့် ထားရှိမွေးမြူသင့်သော အာဇာနည်စိတ်ဓာတ်အကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်များအတုယူစရာ အာဇာနည်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှုများ၊ သဘာဝဘေးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)