မြစ်ကြီးနားမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲကျင်းပ

မြစ်ကြီးနား ဇူလိုင် ၁၇

၂၀၂၄ ခုနှစ် ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ပြည်နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းရှိ ရွေးသွေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပသည်။

အဆိုပါပြိုင်ပွဲများတွင် ကချင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၀၄) ဦးတို့ က စာစီစာကုံးပြိုင်ပွဲကို “မမေ့အပ်သော အာဇာနည်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် “အာဇာနည်ဆိုသည်မှာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင်“အာဇာနည်နေ့နှင့် လူငယ်ထုတာဝန်”ခေါင်းစဉ်ဖြင့်လည်းကောင်း ပါဝင်ဖြေဆို ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)