တောင်ဥက္ကလာပ ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က သမဝါယမဦးစီးဌာနသို့သွားရောက်၍ စာအုပ်၊ စာစောင်များ ငှားရမ်းခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် မြို့နယ်ဌာနဆိုင်ရာရုံးများအား စာဖတ်အလေ့အကျင့်ရှိစေရန်၊ စာပေဖတ်ရှုမှုပိုမိုတိုးပွားလာစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန် Mobile Library စနစ်ဖြင့် သုတ/ရသ စာအုပ်များ ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာရုံးများသို့ Mobile Library စနစ်ဖြင့် အပတ်စဉ်ပုံမှန်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သီတာအေး (ပြန်/ဆက်)