မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် အထွေထွေဗဟုသုတနှင့် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

မိတ္ထီလာ ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် အထွေထွေဗဟုသုတနှင့် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အလယ်တန်းအဆင့် အထွေထွေဗဟုသုတ ပြိုင်ပွဲကို ဦးစွာကျင်းပရာ ပြိုင်ပွဲမကျင်းပမီ ပြိုင်ပွဲစည်းကမ်းချက်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့် မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ ရွှေညာမြေမြတ်သင်းကြိုင်တို့က ရှင်းလင်းပြောကြားသည်။ ထို့နောက် အာဇာနည်နေ့နှင့် သက်ဆိုင်သည့် အထွေထွေ ဗဟုသုတ စာရေးဖြေစာမေးပွဲကို အခြေခံပညာကျောင်းနှင့် ကိုယ်ပိုင် ကျောင်းများမှ ကျောင်းသူကျောင်းသား ၁၉ ဦးက ဝင်ရောက်ဖြေဆိုကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ ဆုရရှိကြသည့် ကျောင်းသူကျောင်းသားများအား ဂုဏ်ပြုဆုများကို လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့သည်။ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဇူလိုင်လ ၁၈ ရက်နေ့တွင် ပြိုင်ပွဲဝင် ကျောင်းသူကျောင်းသား ၇ဝ ဦးဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ