ရွှေပြည်သာ ဇူလိုင် ၁၇
ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာရွတ်၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းတည့်(၁၂)နာရီက လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးကဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး မြို့နယ်စာရေးအသင်းဥက္ကဋ္ဌ ဒေါ်ရည်မွန်ကအာဇာနည်နေ့နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲများကိုကျင်းပရာ အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူ(၂၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုရ ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကာ တက်ရောက်လာကြသော ကျောင်းသား/သူများ၊ ဆရာ/ဆရာမများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်များကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
နေမျိုးထွန်း (ပြန်/ဆက်)