ဟိုပင် ဇူလိုင်လ ၁၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇူလိုင်လ ၁၆ရက် မွန်းလွဲ ၁နာရီက (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လင်းသွယ်သွယ်ဦးက တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူလေးများအား အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း၊ မြန်မာတစ်မျိုးသားလုံး အတုယူမမေ့သင့်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပရာ တက်ရောက် လာကြသည့် ကျောင်းသား ကျောင်းသူလေးများက စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများဆောင်ရွက်ခြင်း အခမ်းအနားတွင် ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၈) ဦးတက်ရောက်ခဲ့ကြသည်။
မိုးသန္တာဦး (ပြန်/ဆက်)