ပုံပါကျင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ပုံပါကျင် ဇူလိုင် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းကော်မတီဝင်များနှင့် ရပ်မိ/ရပ်ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများဖြင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက အ-ထ-က (ပုံပါကျင်) ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပုံပါကျင်မြို့၊ တုံဖိန့်ကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီးက ဝါဆိုသင်္ကန်းကပ်လှူရခြင်းနှင့် မြတ်သောအလှူဒါန၏ လှူဒါန်းရရှိပုံများအား ချီးမွမ်းပြောဆိုခြင်း၊ သီလဆောက်တည်ခြင်းများကို ဆောင်ရွက်ကြပြီး ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်အစုစုတို့ကို ဆက်ကပ်လှူဒါန်း၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။

အဆိုပါဝါဆိုသင်္ကန်းကပ်လှူပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းကော်မတီဝင်များ၊ ရပ်မိ/ရပ်ဖများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အိအိဖြိုး(ပြန်/ဆက်)