ကျိန္တလီ ဇူလိုင် ၁၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အ.ထ.က ကျိန္တလီကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် အ.ထ.က ကျိန္တလီကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ဖြိုးဝေမွန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမားများ များပြားလာရခြင်းအကြောင်း၊ အဆိုးဝါးဆုံးပုံစံနဲခိုင်းစေခံရတဲ့ ကလေးတွေကို အကာအကွယ်ပေး ထားသော ဥပဒေများအကြောင်းနှင့် ကလေးအလုပ်သမား ပပျောက်ရေး၊ ကလေးအလုပ်သမားများအား ကာကွယ်စောင့်ရှောက်ရေး အကြောင်းအရာများတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)