မှော်ဘီ ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ပူးပေါင်း၍ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(မင်းရွာ)၌ ကျင်းပသည်။
ရှေးဦးစွာ(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်း(မင်းရွာ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီအေးက အဖွင့်အမှာစကားပြောကြားကာ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးစန်းဝင်းက လူငယ်များအတွက်အောင်မြင်ရေးနည်းလမ်းများအကြောင်းရှင်းလင်းပြောကြားပြီးမှော်ဘီမြို့ နယ်Book Club အဖွဲ့အတွင်းရေးမှူးစာရေးဆရာဝင်းနွယ်(ပုသိမ်)မှ လွမ်းရိပ်ဝေစည်အာဇာနည်ဟူသောခေါင်းစဉ်ဖြင့် သိကောင်းစရာများကို အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် အ.ထ.က(မင်းရွာ)မှ အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲတွင် ဆုရစာစီစာကုံး၊ ပန်းချီ၊ ကဗျာတို့ကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဝင်းဇော် (ပြန်/ဆက်)