ညောင်ဦး ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ ခရိုင်အမျိုးသမီးရေးရာကော်မတီအစည်းအဝေး အခမ်းအနားကျင်းပခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်အမျိုးသမီးကော်မတီအစည်းအဝေးအခမ်းအနားတွင် ညောင်ဦးခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းကအဖွင့်အမှာစကားပြောကြားပြီး၊ ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူး ဒေါ်မြင့်မြင့်သန်းက ခရိုင်အတွင်းဆောင်ရွက်ထားရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်းပြသည်။ ပြီးနောက် တက်ရောက်လာ သည့် ခရိုင်ဥပဒေရုံး၊ အခြေခံပညာဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ တို့က ဆွေးနွေးကြရာ ခရိုင်အမျိုးသမီးရေးရာအတွင်းရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်အမျိုးသမီးကော်မတီအစည်းအဝေးသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန့်သီတာချိုစင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦး၊ ကျောက်ပန်းတောင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြောင်းသိရသည်။
ဒီပါလင်း