ကွမ်းခြံကုန်း ဇူလိုင် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရန် အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က စာသင်ကျောင်းများတွင် လိုက်လံဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစစ်ဆေးရာတွင် ကျောင်းများတွင် ဈေးသည်များအား ရောင်းချနေသော အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှုရှိအောင် ရောင်းချရန်၊ ခြင်၊ ယင်များမနားစေရန်၊ သန့်ရှင်းသောအစားအသောက်များသာ ရောင်းချရန်၊ ဝတ်စုံအပြည့်ဝတ်ဆင်၍ ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်ပါရှိမှု ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဒေါ်ခင်စန္ဒာကြူနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်နွယ်နွယ်အေးနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှဝန်ထမ်းများပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)