လွိုင်လင်မြို့တွင် မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်

လွိုင်လင် ဇူလိုင် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ပါသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးးစီးဌာန ခရိုင်ဦးစီးမှူး ကသဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ ခရိုင်ဦးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦီးဇော်ဝင်းက သဘာဝဘေးဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း အသီးသီးရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများအား မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘေးအန္တရာယ်စီမံခန်ခွဲမှုဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ကျောင်းသား/သူများ စုပေါင်းကာ ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြသကြရာ ဌာနဆိုင်ရာအကြီးအကဲများမှ ကြည့်ရှုအားပေးကြသည်။

အဆိုပါ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် (၇၀) ဦး၊  ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်း (၅) ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် (၁၀) ဦး၊ အ‌ဖြူရောင်လူငယ်ပရဟိတအဖွဲ့မှ (၅) ဦး၊ ကျောင်းသား/သူ (၁၀၀) ဦး၊ စုစုပေါင်း (၁၉၀) ဦးတို့က ပူပေါင်းဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မိုး