တံတားဦးမြို့နယ်တွင် ရေဘေးအန္တရာယ်နှင့် မြေပြိုဘေးအန္တရာယ်တို့နှင့်စပ်လျဉ်းပြီး လိုက်လံအသိပေး နှိုးဆော်ဆောင်ရွက်

တံတားဦး ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ရေဘေးအန္တရာယ်နှင့် မြေပြိုဘေးအန္တရာယ်တို့နှင့်စပ်လျဉ်းပြီး လိုက်လံအသိပေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက လိုက်လံနှိုးဆော်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ လိုက်လံအသိပေးနှိုးဆော်ဆောင်ရွက်ရာသို့ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဦးစီးမှူး ဒေါ်အိဖြူဖြူနှင့်ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်းရှိ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်  သဘာဝဘေးအန္တရာယ်နှင့်ရေဘေးအန္တရာယ်တို့ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန်၊  ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ပြုလုပ်ဆောင်ရွက်ကြရန် စသည့်အပြုအမူများကို သိရှိနိုင်စေရန်နှင့်  အသိပညာပေးလုပ်ငန်းများ လိုက်လံနှိုးဆော် ဆောင်ရွက်ကြပြီး သဘာဝဘေးအန္တရာယ် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)