လသာမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ဆု​ချီးမြှင့်ပွဲကျင်းပ

လသာ ဇူလိုင် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၁:၀၀)နာရီအချိန်က အဆိုပါကျောင်း မြညီလာခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

​ရှေးဦးစွာ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို အမှတ်(၂)အ​ခြေခံပညာအထက်တန်းကျောင်းမှ လသာရတနာ​တေးဂီတ(​ကျောင်းသူများ)အဖွဲ့က ဘင်ခရာတီးမှုတ်၍ဖွင့်လှစ်​ပေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး​ဒေါက်တာသန်းသန်းစိန်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ဦးစီးအရာရှိ​ဒေါ်နန်းသဲနုအောင်က အာဇာနည်​နေ့ဖြစ်​ပေါ်လာပုံနှင့် အနာဂတ်လူငယ်များမျိုးချစ်စိတ် အစဥ်ဖြစ်ထွန်း​စေရန် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်​ကြီးများ၏ ကိုယ်ကျိုးမဖက်တိုင်းပြည်အတွက် အရိုးကြေကြေ အ​ရေခမ်းခမ်း​ဆောင်ရွက်ခဲ့ပုံတို့ကို ဟော​ပြောခဲ့ပြီး အ.ထ.က(၂)လသာကျောင်းမှ Grade-12 ​ကျောင်းသူမဖူးမြတ်အိမ့်က အာဇာနည်​နေ့တို့မ​မေ့​ခေါင်းစဥ်ဖြင့် အာဇာနည်နေ့အကြောင်း သိ​ကောင်းစရာများကို ဟောပြောခဲ့​ကြောင်း သိရသည်။

ထို့နောက် အ.ထ.က(၂)လသာကျောင်းတွင် (၇၇)နှစ်​မြောက် အာဇာနည်နေ့အထိမ်းအမှတ်ကျင်းပပြုလုပ်ခဲ့သည့် အထက်တန်းဆင့်၊ အလယ်တန်းဆင့်၊ မူလတန်းဆင့်စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသူများကို​ကျောင်းအုပ်ဆရာမကြီးနှင့်တာဝန်ရှိသူများက ​ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး အာဇာနည်နေ့အထိမ်းအမှတ် ပြသထားသည့်ပြခန်းအား ​ကျောင်းသူများက လှည့်လည်ကြည့်ရှုခဲ့ကြ​​​ကြောင်းနှင့် အဆိုပါ​ဟော​​ပြောပွဲသို့​​ကျောင်းသူ(၅၃၀)တက်​ရောက်ခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်