အလုံမြို့နယ်၌ အားကစာနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောသရုပ်ပြပွဲနှင့် အားကစာပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကျင်းပ

အလုံ ဇူလိုင် ၁၆

ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အားကစာနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးအောင်စိုးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်တင်ချိုမှ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာ့လက်ရွေးစင်ဟောင်းများအသင်းမှ ပြေးခုန်ပစ်လက်ရွေးစင်ဒေါ်နွဲ့နွဲ့အေး၊ ဘောလုံးလက်ရွေးစင်ဒေါ်အေးအေးမော်၊ ဂျူဒိုလက်ရွေးစင်ဒေါ်ကြည်ကြည်ဝေတို့မှ အားကစားအကြောင်း သိကောင်းစရာအကြောင်းအရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့သည်။

ထို့နောက်  အားကစားပစ္စည်းများပေးအပ်လှူဒါန်းခြင်း၊  မြန်မာ့သိုင်း၊ ကရာတေး ၊ Fitness Dance အားကစားသရုပ်ပြအဖွဲ့များမှ အားကစားနည်းအလိုက်သရုပ်ပြခြင်း၊ အားကစားသရုပ်ပြအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းနှင့် ကျောင်းအုပ်ဆရာမကြီးဒေါ်သိင်္ဂီက ကျေးဇူးတင်စကားပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)