ဒဂုံမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ကျောင်းတွင် (၇၇)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲကျင်းပ

ဒဂုံ    ဇူလိုင် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်ပြပွဲနှင့်စာအုပ်ပြပွဲကို ယမန်နေ့နံနက်(၁၀:၀၀)အချိန်က အဆိုပါကျောင်းဦးဘလွင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးဦးကိုကိုနိုင်မှ အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က(၂)ဒဂုံ(မြို့မကျောင်း)  ဧကဒဿမတန်းမှ မောင်လင်းထက်အာကာမှ "အာဇာနည်ခေါင်းဆောင်ကြီးများ၏ အနာဂတ်မျှော်လင့်ချက် လက်တွဲကူညီဖြည့်စွက် "ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒဿမတန်းမှ မထက်ထက်သီရိဝေမှ "အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ"အကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်လဲ့လဲ့အေးမှ ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ထူးဝိသေသများနှင့်အနာဂတ်လူငယ်များအတွက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံကိုချစ်မြတ်နိုးသော အာဇာနည်စိတ်ဓာတ်အကြောင်းကို ဟောပြောခဲ့ကြသည်။

ထို့နောက် အ.ထ.က(၂)ဒဂုံကျောင်းတွင် ဟောပြောပွဲအပြီး၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော အာဇာနည်(၉)ဦး၏ အတ္ထုပ္ပတ္တိနှင့် သမိုင်း၀င်မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းများ၊ အ.ထ.က(၂)ဒဂုံကျောင်းမှ အာဇာနည်နေ့ပန်းချီပြိုင်ပွဲတွင် ဆုရပန်းချီများပြသထားသည်များကို ကြည့်ရှုခဲ့ကြပြီး ဟောပြောပွဲတက်ရောက်သူ(၃၅၀)ဦးရှိကြောင်း သတင်းရရှိပါသည်။

လဲ့လဲ့(ပြန်/ဆက်)