မက်မန်းမြို့ (Community Centre) ခန်းမတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲအခမ်းအနား ကျင်းပ

မက်မန်း ဇူလိုင် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က မက်မန်းမြို့ (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာချို(လက်ထောက်ညွှန်ကြားရေးမှူး)က အာဇာနည်နေ့သမိုင်းကြောင်းနှင့် အာဇာနည်နေ့၏အဓိပ္ပာယ်အားလည်းကောင်း၊ အာဇာနည်(၉)ဦး၏ အတ္ထုပ္ပတ္တိများအကြောင်း၊ အာဇာနည်စိတ်ဓာတ်နှင့် အတုယူလေးစားဖွယ်ရာများကို ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ G-3 ကျောင်းသား/ကျောင်းသူ (၃၀)ဦးတို့က “၁၉-ဇူလိုင်” ခေါင်းစဉ်ဖြင့် ကဗျာရွတ်ပြိုင်ပွဲအား အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် မက်မန်းခရိုင်ရုံးမှ ခင်းကျင်းပြသထားသည့် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ကျောင်သား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ (၃၅)ဦး တတ်ရောက်ခဲ့ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)