ကွန်ဟိန်းမြို့၊ (Community Centre)ခန်းမ၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကာယဥာဏဂိမ်းကစားပြိုင်ပွဲ ဆောင်ရွက်

ကွန်ဟိန်း ဇူလိုင် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကာယဥာဏဂိမ်းကစားပြိုင်ပွဲအား ယမန်နေ့မွန်းလွဲ ၁ နာရီခွဲခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊(Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများမှ အဖွဲ့လိုက်ဂိမ်းကစားခြင်းများအား ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲအား ကျောင်းသား၊ ကျောင်းသူများ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်လာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)