ကျောက်ဆည်မြို့နယ်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည် ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင်(၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ်မျိုးဆက်သစ် ကျောင်းသား၊ကျောင်းသူများအသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း၊ အာဇာနည်ပုဂ္ဂိုလ်ကြီးများနှင့် အာဇာနည်စိတ်ဓာတ်အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုများ၊ အာဇာနည်(၉)ဦး၏ အတ္ထုပ္ပတ္တိတို့ကိုဟောပြောခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက(၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ် ရေးကြိုးပမ်း ဆောင်ရွက်ခဲ့မှုသမိုင်းကြောင်းများ ဟောပြောခဲ့သည်။

ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင်အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံထူးချွန်ထက်မြက်စေရန် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲများကို လစဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသ ထားသော သုသ၊ ရသ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)