ကျောက်တန်း ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ပါဒါကြီးစံပြကျေးရွာ၌၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံစက်ချုပ်နည်းပညာသင်တန်းကို ယနေ့ နံနက် (၁၀) နာရီက ကျောက်တန်းမြို့နယ်၊ ပါဒကြီးကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို ကျောက်တန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ဦးဘုန်းခန့်အောင်နှင့် တာ၀န်ရှိသူများ၊ သန်လျင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ဆွေဇင်အောင်နှင့် တာ၀န်ရှိသူများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးဘုန်းခန့်အောင်မှ အဖွင့်အမှာစကားပြောကြားကာ သန်လျင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ဆွေဇင်အေးက သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်များ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မျော်မှန်းချက်များနှင့်အညီ သမဝါယမကဏ္ဍနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားစေပြီး၊ ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘ၀စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးတာဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက်လည်း ယခုလိုသင်တန်းမျိုး ဖွင့်လှစ်ပေးရတာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ၁၅.၇.၂၀၂၄ မှ ၁၃.၈.၂၀၂၄ ရက်နေ့အထိ သင်တန်းသူ (၁၅) ဦးဖြင့် ဖွင့်လှစ်ကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်/ဆက်)