တံတား ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၁) နာရီအချိန်က တံတားမြို့ စင်မကော်ကျေးရွာအတွင်းရှိ အ.လ.က ကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေများကို ဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ရန်လိုကြောင်း၊ စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့် စကားအတိုင်းစာပေသည်မိမိတို့၏ မိတ်ဆွေကောင်းများဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားလာစေရန် ယခုလိုဟောပြောပွဲများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားကာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လျှပ်စစ်အသုံးပြုပုံ၊ လျှပ်စစ်အန္တရာယ်နှင့် လျှပ်စစ်အန္တရာယ်ဖြစ်ပေါ်လာပါက တာဝန်ရှိသူများကို ဆက်သွယ်သင့်ပုံ စသည့်နံရံကပ်စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများ၊ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခန့်စည်သူဝင်း (ပြန်/ဆက်)