ညောင်ဦးခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်များ၊ ပရဟိတအသင်းများမှ ရေဝင်ရောက်နေသည့် အိမ်များမှပစ္စည်းများ ကူညီပြောင်းရွှေ့ပေး

ညောင်ဦး  ဇူလိုင်  ၁၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယမန်နေ့နံနက် ၈ နာရီခွဲက ပစ္စည်းများကူညီပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ် အမှတ် (၁၊ ၂၊ ၄၊ ၇) ရပ်ကွက်များတွင် ရေများဝင်ရောက်လျက်ရှိရာ ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်နိုင်လင်း ဦးဆောင်သောတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးရဲမင်းထွန်း ဦးဆောင်သောတပ်ဖွဲ့ဝင်များ၊ အမှတ်(၅)အရန်မီးသတ်မှတပ်ဖွဲ့ဝင်များ၊ ဝံသာနုရက္ခိတအသင်းဝင်များ၊ ကရုဏာရှင်လူမှုကူညီရေးအသင်းဝင်များက အထောက်အကူပြုယာဉ်များ၊ လူမှုကူညီရေးယာဉ်များဖြင့် အိမ်အသုံးအဆောင်ပစ္စည်းများကို ရေလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြသည်။

ဒီပါလင်း