တပ်ကုန်းမြို့နယ်၌ ကျန်းမာရေးအသိပညာပေးနှင့် အနာကြီးရောဂါ လူနာသစ်ရှာဖွေဖော်ထုတ် ကုသရေး ကွင်းဆင်းဆောင်ရွက်

တပ်ကုန်း ဇူလိုင် ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ထန်းတော်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အရေပြားဌာနမှတာဝန်ခံ ဦးချစ်ဦး၊ ရွှေမြို့ကျေးလက်ကျန်းမာရေးဌာနမှ ကြီးကြပ်ရေးမှူး(၁) ဦးကျော်ကျော်အောင်တို့ ဦးဆောင်မှုဖြင့် ကျန်းမာရေးအသိပညာပေးနှင့် အနာကြီးရောဂါ လူနာသစ်ရှာဖွေဖော်ထုတ်ကုသခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းစာသင်ဆောင်တွင် ကျင်းပခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ကြီးကြပ်ရေးမှူး(၁) ဦးကျော်ကျော်အောင်က မိုးရာသီကာလ၌ အဖြစ်များသော ဝမ်းပျက်၊ဝမ်းလျောရောဂါအကြောင်း၊ ကြီးကြပ်ရေးမှူး(၂) ဦးဇင်မင်းဖြိုးက သွေးလွန်တုပ်ကွေးရောဂါအကြောင်း ဟောပြောခဲ့ပြီးနောက် ကျန်းမာရေးဝန်ထမ်းများက မူလတန်းကျောင်းသား၊ ကျောင်းသူ ၃၈၃ ဦးတို့အား ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးခဲ့ပြီးနောက် ထန်းတောကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် အနာကြီးရောဂါလူနာသစ်ရှာဖွေဖော်ထုတ် ကုသရေးအသိပညာပေးဟောပြောခဲ့ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အရေပြားဌာနမှ တာဝန်ခံဦးချစ်ဦးက အနာကြီးရောဂါဖြစ်ပွားမှုအကြောင်း၊ ရွှေမြို့ကျေးလက်ပြည်သူ့ကျန်းမာရေးဌာနမှ ကြီးကြပ်ရေးမှူး(၁) ဦးကျော်ကျော်အောင်က ဆင်ခြေထောက်ရောဂါအကြောင်း ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

တင်စိုးလွင်