မြောက်ဥက္ကလာပမြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲများကျင်းပ

မြောက်ဥက္ကလာပ ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြို့နယ်အဆင့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမ၌ ကျင်းပခဲ့သည်။

ထိုသို့ကျင်းပရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက စာစီစာကုံးပြိုင်ပွဲဝင် (၆၉) ဦး၊ ကဗျာ (၂၂) ဦးနှင့် ပန်းချီ (၅၂) ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်ကြပြီး မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်နှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)