တိုက်ကြီး ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် အဖျောက်မြို့တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးအာကာကျော်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းဝင်းနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက အဖျောက်မြို့ အမှတ် (၁) ရပ်ကွက်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ရေကင်းတဲ၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား စစ်ဆေးဆောင်ရွက်ခြင်း၊ ကြွေပုဂံချောင်းကျေးရွာ အုပ်စုရှိ ဆည်မြောင်းတာနှစ်လုံးကြားရှိ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် အိမ်ခြေ (၇၄) လုံးအား ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစီအစဉ်ဖြင့်ပြောင်းရွှေ့မည့်နေရာ၌ မြေကွက်များအား အကွက်ရိုက်ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခြင်း၊ ငါးလာချောင်းကျေးရွာအုပ်စုအတွင်းရှိ ကုန်ထုတ်လမ်းဘေး၌ တောင်သူ ဦးမြင့်နိုင်၏ လယ်ယာမြေ (၃) ဧကအတွင်း Seeder ဖြင့် မိုးစပါးစိုက်ပျိုးနေမှုအပေါ် ကြည့်ရှုအားပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်သည်။
ထို့နောက် အမှတ် (၃) ရပ်ကွက်လိန်ပင်လမ်းဆုံ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးအန္တရာယ် အသိပညာပေးပိုစတာ စိုက်ထူခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းနှင့်အဖွဲ့ဝင်များ၊ အဖျောက်မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပြည်သူများက အသိပညာပေးပိုစတာအား စိုက်ထူခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)