သံဖြူဇရပ် ဇူလိုင် ၁၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ဇူလိုင်(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ပြပွဲ/ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိဒေါ်အေးအေးသီက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအကြောင်းအရာများကို အသိပညာပေးပြောကြားသည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် စာစီစာကုံးပြိုင်ပွဲပြုလုပ်ရာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးတို့က "အာဇာနည်နေ့ဒို့မမေ့"ခေါင်းစဥ်ဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲဆုရကျောင်းသားကျောင်းသူများအား မေတ္တာလက်ဆောင်များပေးအပ်ကာ၊ ပြသထားသည့်ဓာတ်ပုံပြပွဲ၊ အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏အထ္ထုပ္ပတ္တိ အသိပညာပေးနံရံကပ်စာစောင်နှင့် ဗဟုသုတရရှိစေမည့် သုတ/ရသစာအုပ်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)